ပြည်သူအတွက် လက်တွေ့ Data Science (Covid-19 Case Study)

Nyein Chan Soe Win
Nyein Chan
Published in
2 min readApr 5, 2020

--

အခုပဲ တစ်ခုလောက်စလုပ်ကြည့်ရအောင်

© 2018 Sudeep Agarwal http://sudeep.co/data-science/Understanding-the-Data-Science-Lifecycle/

မနှစ်က နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ UIT University of Information Technology ကို ရောက်ခဲ့တယ်။ Internship ဆင်းမယ့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူတွေကို အင်တာဗျူး လုပ်ဖို့ပါ။ အဲဒီမှာ တစ်ခု သတိထားမိတာကတော့ တော်တော်များက Data Science ကို စိတ်ဝင်စားတယ်လို့ ပြောကြပါတယ်။ သူတို့တွေရဲ့ အနာဂါတ်ရည်မှန်းချက်ထဲမှာ Data Scientist ဖြစ်ကြတာ အရမ်းကို အားတက်စရာကောင်းပါတယ်။

Data Science ဟာ ပြည်သူလူထုအတွက် ဘယ်လို အကျိုးရှိစေလဲ​ ဆိုတာကတော့ အခု Covid-19 က သက်သေပါ။

Data Exploration အဆင့်ဖြစ်တဲ့ ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာတွေအတွက် အချက်အလက်တွေကို ပုံဖေါ် ကြည့်တဲ့ Dashboard တွေ လေ့လာစရာ အနေနဲ့ အများကြီး ရှိလာပါပြီ။

ဒါတွေကို အများပြည်သူကို အသိပေးရာမှာ သုံးသလို သက်ဆိုင်ရာ အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် အခြေအနေကို သုံးသပ် ပြင်ဆင်ဖို့အတွက်လည်း အများကြီး သုံးနိုင်ပါတယ်။

နောက်အဆင့်တွေ သွားနိုင်ဖို့ အတွက်ကတော့ Data Science ကို Passionate စိတ်ရောကိုယ်ပါ နှစ်မြုပ်နိုင်မယ့် သူတွေ အများကြီး လိုအပ်ပါတယ်။

ဒီနေရာမှာ အထူးသဖြင့် ကျောင်းသူ ကျောင်းသားတွေ၊​ ဝါသနာရှင်တွေကို အားပေးချင်တာကတော့ စပြီးစမ်းသပ်ကြည့်ဖို့က ပညာရှင်ဖြစ်ဖို့မလိုပါဘူး။ အောက်မှာ ရှိတဲ့ Dashboard တွေကို ကြည့်မယ်ဆိုရင် Official Dashboard (ဥပမာ Singapore MOH) တွေထက် တက်သစ်စလူငယ်တွေရဲ့ လက်ရာတွေ (ဥပမာ CovidMyanmar.com) က အများကြီး ပိုကောင်းတာ တွေ့ရပါလိမ့်မယ်။

စ လုပ်ကြည့်ဖို့ပဲ လိုပါတယ်။ Open Source Tools တွေ၊​ Public Data တွေကလည်း အဆင့်သင့်မို့ စလုပ် ကြည့်ကြပါ လို့ တိုက်တွန်းချင်ပါတယ်။

လက်ရှိ Dashboard တွေကို လေ့လာကြည့်နိုင်အောင် လက်လှမ်းမှီတာလေးတွေ အောက်မှာ စုစည်းပေးထားပါတယ်။

1. Ministry of Health and Sport, Myanmar

Link: https://doph.maps.arcgis.com/apps/opsdashboard/index.html#/f8fb4ccc3d2d42c7ab0590dbb3fc26b8

2. Civid Myanmar (CovidMyanmar.com)

Link: https://datastudio.google.com/u/0/reporting/445c1281-c6ea-45e4-9bc0-5d561c511354/page/I44CB

3. Work Health Organization (WHO)

Link: https://experience.arcgis.com/experience/685d0ace521648f8a5beeeee1b9125cd

4. Google

Link: https://google.com/covid19-map/?hl=en

5. Ministry of Health, Singapore

Link: https://experience.arcgis.com/experience/7e30edc490a5441a874f9efe67bd8b89

6. Against Covid19 (againstcovid19.com)

Link: https://www.againstcovid19.com/singapore/

7. Tableau Public

Link: https://public.tableau.com/profile/chantilly.jaggernauth#!/vizhome/CoronavirusCOVID-19CasesbyLocation/CoronavirusCOVID-19CasesbyLocation

--

--