မြန်မာနိုင်ငံအတွက် Covid-19 Contact Tracing App

Nyein Chan Soe Win
Nyein Chan
Published in
1 min readMar 29, 2020

--

Credit CFCF / CC BY-SA (https://creativecommons.org/licenses/by-sa/4.0)

စင်ကာပူ အစိုးရက ဖန်တီးထားတဲ့ TraceTogether App လိုမျိုး Community App တစ်ခုလုပ်ချင်ပါတယ်။ နည်းပညာသမားမဟုတ်သူတွေအတွက် ဒီ App ရဲ့ ရည်ရွယ်ချက်ကို အရင်ရှင်းပြချင်ပါတယ်။

ဒီ App က မိမိ သွားထားသမျှနေရာအားလုံးကို မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းတင်ထားတဲ့ ခရီးသွားမှတ်တမ်းကို မိမိ အပါအဝင် ဘယ်သူကမှ ပြန်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ မိမိရဲ့ ခရီးသွားမှတ်တမ်းနဲ့ ရောဂါရှိသူတို့ရဲ့ ခရီးသွားမှတ်တမ်း နေရာနဲ့ အချိန်ကိုက်ညီခဲ့မှသာ မိမိရဲ့ App မှာ Alert ပြပါမယ်။

စဥ်းစားထားမိတဲ့ နည်းပညာအခြေခံ အကြမ်းဖျဥ်း အချက်တွေက

  • App သုံးစွဲလိုသူက ဖုန်းနံပါတ်တစ်ခုကို အသုံးပြုပြီး မှတ်ပုံတင်ရမယ်
  • App သုံးစွဲသူတစ်ဦးအတွက် Cryptographic Key Based ဒီဂျစ်တယ် အိုင်ဒီ တစ်ခုရှိရမယ်။
  • App ဟာ သုံးစွဲသူရဲ့ Privacy ကို အပြည့်အဝကာကွယ်နိုင်ရမယ်။ မှတ်ပုံတင်တဲ့ ဖုန်းနံပါတ်နဲ့ Digital ID ကလွဲလို့ အချက်အလက်အားလုံးကို ဘယ် Server မှာမှ​မသိမ်းရပါ။ သုံးစွဲသူရဲ့ ဖုန်းထဲမှာ ပဲ သိမ်းမယ်။
  • App သုံးစွဲသူ တစ်ဦး သွားသမျှ နေရာအားလုံးကို GPS Location နဲ့ အချိန် တွဲပြီးမှတ်သားနိုင်ရမယ်။
  • Covid-19 ရောဂါရှိကြောင်း သုံးစွဲသူတစ်ဦးက အတည်ပြုတဲ့အခါ သူရဲ့ Location နဲ့ Time အချက်အလက်ကို Distrubuted Network ထဲ​ Release လုပ်မယ်။ ဒါပေမယ့် အဲ့ဒီသုံးစွဲသူ သွားခဲ့တဲ့ နေရာအကုန်လုံးကို Public က သိခွင့်မရှိဘူး။ သိခွင့်ရှိတာက မိမိရဲ့ ခရီးသွားမှတ်တမ်းနဲ့ ရောဂါရှိသူတို့ရဲ့ ခရီးသွားမှတ်တမ်း နေရာနဲ့ အချိန်ကိုက်ညီခဲ့ရင် မိမိရဲ့ App မှာ Alert ပြပါမယ်။

အကူအညီလိုမယ့် နည်းပညာသမားတွေကတော့ Location Based အတွေ့အကြုံရှိတဲ့ Mobile Developer များ၊​ Blockchain နည်းပညာ အတွေ့အကြုံရှိတဲ့ Backend Developer များ ဖြစ်ပါတယ်။

App ကို ပိုပြီးစိတ်ဝင်စား အသုံးတည့်အောင်ဆိုရင်တော့ Covid-19 ရဲ့ နောက်ဆုံး အချက်အလက်တွေ၊ ဗဟုသုတတွေကိုပါ ဝေမျှနိုင်ပါတယ်။

စိတ်ဝင်စားသူများ ဆက်လက်ဆွေးနွေးပေးကြပါ။

--

--