မြန်မာနိုင်ငံအတွက် Covid-19 Contact Tracing App
စင်ကာပူ အစိုးရက ဖန်တီးထားတဲ့ TraceTogether App လိုမျိုး Community App တစ်ခုလုပ်ချင်ပါတယ်။ နည်းပညာသမားမဟုတ်သူတွေအတွက် ဒီ App ရဲ့ ရည်ရွယ်ချက်ကို အရင်ရှင်းပြချင်ပါတယ်။
ဒီ App က မိမိ သွားထားသမျှနေရာအားလုံးကို မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းတင်ထားတဲ့ ခရီးသွားမှတ်တမ်းကို မိမိ အပါအဝင် ဘယ်သူကမှ ပြန်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ မိမိရဲ့ ခရီးသွားမှတ်တမ်းနဲ့ ရောဂါရှိသူတို့ရဲ့ ခရီးသွားမှတ်တမ်း နေရာနဲ့ အချိန်ကိုက်ညီခဲ့မှသာ မိမိရဲ့ App မှာ Alert ပြပါမယ်။
စဥ်းစားထားမိတဲ့ နည်းပညာအခြေခံ အကြမ်းဖျဥ်း အချက်တွေက
- App သုံးစွဲလိုသူက ဖုန်းနံပါတ်တစ်ခုကို အသုံးပြုပြီး မှတ်ပုံတင်ရမယ်
- App သုံးစွဲသူတစ်ဦးအတွက် Cryptographic Key Based ဒီဂျစ်တယ် အိုင်ဒီ တစ်ခုရှိရမယ်။
- App ဟာ သုံးစွဲသူရဲ့ Privacy ကို အပြည့်အဝကာကွယ်နိုင်ရမယ်။ မှတ်ပုံတင်တဲ့ ဖုန်းနံပါတ်နဲ့ Digital ID ကလွဲလို့ အချက်အလက်အားလုံးကို ဘယ် Server မှာမှမသိမ်းရပါ။ သုံးစွဲသူရဲ့ ဖုန်းထဲမှာ ပဲ သိမ်းမယ်။
- App သုံးစွဲသူ တစ်ဦး သွားသမျှ နေရာအားလုံးကို GPS Location နဲ့ အချိန် တွဲပြီးမှတ်သားနိုင်ရမယ်။
- Covid-19 ရောဂါရှိကြောင်း သုံးစွဲသူတစ်ဦးက အတည်ပြုတဲ့အခါ သူရဲ့ Location နဲ့ Time အချက်အလက်ကို Distrubuted Network ထဲ Release လုပ်မယ်။ ဒါပေမယ့် အဲ့ဒီသုံးစွဲသူ သွားခဲ့တဲ့ နေရာအကုန်လုံးကို Public က သိခွင့်မရှိဘူး။ သိခွင့်ရှိတာက မိမိရဲ့ ခရီးသွားမှတ်တမ်းနဲ့ ရောဂါရှိသူတို့ရဲ့ ခရီးသွားမှတ်တမ်း နေရာနဲ့ အချိန်ကိုက်ညီခဲ့ရင် မိမိရဲ့ App မှာ Alert ပြပါမယ်။
အကူအညီလိုမယ့် နည်းပညာသမားတွေကတော့ Location Based အတွေ့အကြုံရှိတဲ့ Mobile Developer များ၊ Blockchain နည်းပညာ အတွေ့အကြုံရှိတဲ့ Backend Developer များ ဖြစ်ပါတယ်။
App ကို ပိုပြီးစိတ်ဝင်စား အသုံးတည့်အောင်ဆိုရင်တော့ Covid-19 ရဲ့ နောက်ဆုံး အချက်အလက်တွေ၊ ဗဟုသုတတွေကိုပါ ဝေမျှနိုင်ပါတယ်။
စိတ်ဝင်စားသူများ ဆက်လက်ဆွေးနွေးပေးကြပါ။