ဝန်ထမ်းအလုပ်က လူညံ့တွေဖို့လား…

Nyein Chan Soe Win
Nyein Chan
Published in
1 min readMay 27, 2017

--

(စွန့်ဦးတီထွင်မှ လူတော် ကိုယ်ပိုင်လုပ်ငန်းမှ ချမ်းသာမှာလား…)

Google I/O 2017 ကြည့်ရင်းနဲ့ Google ရဲ့ CEO Sundar Pichai ကို စိတ်ဝင်စားမိလို့ ပေါ့ပေါ့ပါးပါးပဲ သူ့ရဲ့ ဝီကီပီးဒိယ စာမျက်နှာကို ဖတ်ကြည့် မိတယ်။ သာမန် အလယ်အလတ်တန်းစား India မိသားစုက မွေးဖွားပြီး အိန္ဒိယမှာ Bachelor ဘွဲ့ရပြီးမှ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့သူဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အလယ်အလတ်တန်းစား မန်နေဂျာ အနေနဲ့ Google မှာ စတင်လုပ်ကိုင်ပြီး နောက် ဆယ့်တစ်နှစ် အကြာမှာ Google ရဲ့ CEO အဖြစ် တင်မြှောက်ခြင်းခံရပါတယ်။

Photo via Wikimedia Commons under the Creative Commons license.

ဆွန်ဒါ ပီချိုင် ရဲ့ ကိုယ်ရေးကို ဖတ်ကြည့်မယ်ဆိုရင် သူဟာ ဘယ်တုန်းကမှ Startup Founder တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဝန်ထမ်းအလုပ်ကိုပဲ စွဲစွဲမြဲမြဲ လုပ်ခဲ့ပြီး အခုချိန်မှာတော့ နည်းပညာလောကမှာ ကမ္ဘာကို ဦးဆောင်နေတဲ့ Google ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေရုံသာမက အမေရိကန်ဒေါ်လာ သန်းရာချီ ချမ်းသာတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။
2016 ခုနှစ်အတွက် သူရဲ့ လစာ က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးရှိပါတယ်။
ဒါကြောင့်မို့ **ဝန်ထမ်းလုပ်ရင် လူညံ့…ညံ့လို့ ဝန်ထမ်းဖြစ်နေသေးတာ** ဆိုတဲ့ အတွေးမျိုးကို မထားဘဲ ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံယုံကြည်ကြည် တက်တက်ကြွကြွ အကောင်းဆုံး လုပ်သွားရင်လဲ အောင်မြင်ချမ်းသာတဲ့သူ ဖြစ်လာနိုင်တယ်ဆိုတာ ဆွန်ဒါပီချိုင်က သက်သေပြနေပါတယ်။

ဝန်ထမ်း ပတ်ဝန်းကျင်မှာ လူတိုင်း မပျော်နိုင်သလို Startup ပတ်ဝန်းကျင်ဟာ လူတိုင်းနဲ့ မကိုက်ညီနိုင်ပါဘူး။ Startup လမ်းကြောင်းကို ရွေးချယ်ပြီး ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုကို တည်ထောင်မယ်ဆိုရင်တော့ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေကို ဝေမျှပေးမယ့် Mentor တွေ၊ ငွေရေးကြေးရေးထောက်ပံ့ပေးမယ့် Investor တွေ၊ စတင်ဖို့ပြင်ဆင်ပေးမယ့် Incubator တွေ၊ လုပ်ငန်းအမြန်ဆုံး တိုးတက်အောင်မြင်အောင် တွန်းအားပေးမယ့် Accelerator အစရှိတဲ့ အထောက်အပံ့တွေ လိုအပ်မှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကိုယ်တိုင် သေသေကျေကျေ အလျော့မပေးတဲ့ စိတ်ဓါတ် ရှိရမှာ ဖြစ်ပြီး အစပိုင်းမှာ လူမှုရေး မိသားစု အရေးတွေမှာ တာဝန်ကျေနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဝန်ထမ်းနဲ့ စွန့်ဦးတီထွင်ဆိုတာ လူညံ့ လူတော် ခွဲခြားတာ မဟုတ်ဘဲ ကာယကံရှင်ရဲ့ ရွေးချယ်မှုနဲ့သာ သက်ဆိုင်ပါကြောင်း။

--

--