COVID-19 ကာလမှာ အိမ်ကနေအလုပ်လုပ်ဖို့ လိုမယ့် နည်းပညာများ

Nyein Chan Soe Win
Nyein Chan
Published in
3 min readMar 19, 2020

--

COVID-19 ဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အဆိုးရွားဆုံးရောဂါကပ်လို့ ခေတ်သစ် သမိုင်းပညာရှင် Yuval Harari က ဆိုပါတယ်။ လူတစ်ဦးကနေ တစ်ဦး ကူးစက်တာဖြစ်လို့ ကမ္ဘာတဝှန်းမှာရှိတဲ့ လုပ်ငန်းတွေက အိမ်ကနေအလုပ်လုပ်ကြဖို့ အစီအမံများ စတင်နေပါပြီ။

ရုံးကိုမလာပဲ အလုပ်လုပ်နိုင်ဖို့ ဘာတွေလိုမလဲ။

၁။ ကွန်ပြူတာနဲ့ အင်တာနက်

နံပါတ် ၁ ကတော့ ကွန်ပြူတာ၊​ Tablet သို့မဟုတ် Mobile Phone နဲ့ သင့်တင့်ကောင်းမွန်တဲ့ အင်တာနက်ပါ။

၂။ Planning နဲ့ Tracking အတွက် Trello

တစ်နေရတည်းမှာ အားလုံးတူတူထိုင် အလုပ်မလုပ်နိုင်တဲ့အခါ ပထမဆုံးလိုတာက ဘယ်သူကဘာလုပ်မယ် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ဆိုတဲ့ Plan နဲဲ့ ဘယ်သူက ဘာလုပ်ပြီးသွားပြီလဲ ဆိုတာကို သိနိုင်ဖို့ပဲ ဖြစ်ပါတယ်။

Trello ရဲ့ Board, List နဲ့ Card တွေကို အသုံးပြုပြီး ဘယ်သူကဘာလုပ်မယ်၊​ ဘာလုပ်နေတယ်၊​ ဘာတွေပြီးသွားပြီးဆိုတာကို Online ပေါ်မှာ Plan လုပ်နိုင်ရုံသာမက အားလုံး မြင်သာပွင့်လင်းစွာ Track လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်ကတော့ 10 Boards အထိ Free ပါ။

အခြားရွေးချယ်စရာများ

၃။ Collaboration အတွက် Google Drive

Google Drive ကတော့ Gmail သုံးသူတိုင်း ရင်းနှီးပြီးသားပါ။ စာရွက်စာတမ်းတွေကို Google Doc နဲ့ ရိုက်၊ စာရင်းအင်းတွေကို Google Sheet နဲ့သွင်း၊ Presentation တွေကို Google Slide နဲ့ ပြ။ တစ်ယောက်နဲ့တစ်ယောက် ရှယ်ရုံတင်မက တစ်ယောက်ပြင်တာ တစ်ယောက် ကြည့်လို့ရတာမို့ အားလုံး Online ပေါ်မှာ စုပေါင်းလုပ်တာ အရမ်း အဆင်ပြေပါတယ်။

အခြားရွေးချယ်စရာများ

ဒီနေရာမှာ နောက်တစ်ခု ညွှန်းချင်တာကတော့ Notion ပဲ ဖြစ်ပါတယ်။ မိမိရဲ့ လုပ်ငန်းတွင်မှာ လိုအပ်တဲ့ Process and Procedure တွေ၊ Wiki လို Information တွေ၊ Team တွေရဲ့ KPI တွေကို Track လုပ်နိုင်တဲ့ Online Collaboration Portal တစ်ခုဖြစ်ပါတယ်။ Trello Board တွေ၊ Google Sheet တွေ Doc တွေနဲ့လည်း တွဲသုံးနိုင်လို့ စမ်းကြည့်သင့်ပါတယ်။

၄။ Video Conference — Zoom

အလုပ်လုပ်ပြီဆိုရင် ရှောင်လွှဲလို့မရတာ Meeting တွေပဲ ဖြစ်ပါတယ်။ အချင်းချင်းဖြစ်ဖြစ်၊ Customer နဲ့ပဲ ဖြစ်ဖြစ်၊ Supplier နဲ့ ဖြစ်ဖြစ်၊ Online ပေါ်ကနေ ရုပ်မြင်သံကြား ဗီဒီယို ကွန်ဖရင့် လုပ်မယ်ဆိုရင်တော့ Zoom ကို သုံးနိုင်ပါတယ်။ တစ်ကြိမ်မှာ ၄၅ မိနစ်စာ Meeting ကို Free သုံးလို့ရပါတယ်။ လေကြောရှည်မိလို့ ၄၅ မိနစ်ကျော်သွားရင်လည်း နောက်တစ်ခါ ပြန်ခေါ်လိုက်ရုံပါပဲ။

အခြားရွေးချယ်စရာများ

Google Hangout

၅။ Chat

သုံးနေကြသာ ဆက်သုံးကြပေါ့ ကိုယ့်လူတို့…

--

--