First e-Commerce Virtual Conference in Myanmar

Nyein Chan Soe Win
Nyein Chan
Published in
4 min readMay 28, 2020

--

ပထမဆုံး e-Commerce Virtual Conference ကို မေလ ၂၈၊ ၂၀၂၀ မှာ အောင်မြင်စွာကျင်းပခဲ့တယ်။

ဒီလို ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ပထမဆုံး အများပြည်သူပါဝင်ပြီး CERP ကို Private Public Partnership အနေနဲ့ စတင်ရုပ်လုံးဖေါ်နိုင်အောင် ဆောင်ရွက်ခဲ့တဲ့ စီးပွားကူးသန်း ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်း ဦးဆောင်တဲ့ အဖွဲ့ကို တကယ်ပဲ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။

အဲဒီမှာ ကျနော်ဆွေးနွေးတင်ပြခဲ့တာလေးကို မှတ်တမ်းတင်ထားတာပါ။

Panel Discussion on Digital Payment (CERP 5.1)

မိတ်ဆက်

What kind of payment services are being provided in terms of digital payment solutions, mobile payment, card payment, payment gateway, etc. to ensure secure payment transactions in e-commerce activities?

Get က digital commerce company ပါ။ E-commerce လိုပါပဲကွာတာကတော့ ကျနော်တို့ က customer တိုက်ရိုက်မဟုတ်ပဲ ဆိုင်တွေနဲ့ E-commerce လုပ်ပါတယ်။

ဒီလိုလုပ်တဲ့နေရမှာ ငွေကြိုသွင်းတာတွေ၊​ တစ်ယောက်နဲ့ တစ်ယောက် ငွေပေးချေတာတွေပါဝင်ပါတယ်။

အဲဒီမှာ အများဆုံး သုံးဖြစ်တာကတော့ Online ဒါမှမဟုတ် Mobile Banking ကနေ ငွေလွှဲတာ အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးငွေလွှဲတာကတော့ Mobile Money Agent တွေကနေ တဆင့်ပဲ ဖြစ်ပါတယ်။

တတိယ အများဆုံးကတော့ Mobile Wallet ဖြစ်ပြီး သူ့နောက်မှာတော့ MPU ကတ် ရှိပါတယ်။

Mobile Wallet တွေအတွက် ကိုယ်ပိုင် Gateway ဆောက်ပြီး သုံးထားပါတယ်။

တခါတစ်လေတော့လည်း ကိုယ့်ကိုယ်ကို Digital သမားလို့ ပြောရတာ လိပ်ပြာ မလုံပါဘူး။ ကိုယ်လုပ်ငန်းကိုယ်တိုင်က ဒီဘက်ဘဏ်က ငွေသားထုတ် ဟိုဘက်ဘဏ်မှာ ငွေသားသွင်း အလုပ်ကို လုပ်နေရတုန်းမို့ပါ။ အဲဒါက အမြန်ဆုံးနဲ့ အသက်သာဆုံးမို့ပါ။

What are three major challenges in providing payment services in Myanmar?

အဓိကကတော့ မတူညီတဲ့ စနစ်တွေ များပြားပြီး စံ တစ်ခု မရှိတာပဲ ဖြစ်ပါတယ်။​

နောက်တစ်ခုကတော့ user education ဖြစ်ပါတယ်။ Mobile Wallet အဓိက အသုံးက Payment လုပ်ဖို့ထက် ငွေလွှဲ ဖို့ပဲ သိနေပါသေးတယ်။ အကောင်းဆုံး education က usbility ပါ။ usable ဖြစ်ဖို့ Reliatble ဖြစ်ဖို့လိုပါတယ်။ ပိုက်ဆံမပါလို့ MPU Card နဲ့ ပေးတယ်။​ ဆိုင်က မသုံးတတ်ဘူး။​ ကတ်ကိုယူပြီး ATM သွားတယ်။ လိုင်းကျနေတယ်။​ KBZPay ထဲမှာ ပိုက်ဆံရှိတယ်။​ဆိုင်မှာ Wave ပဲ လက်ခံနိုင်တယ်။​ ဒါဆိုရင် user ကို educate လုပ်လို့ရမှာ မဟုတ်ပါဘူး။

Education ထဲမှာတော့ နောက်အရေးကြီးတာတစ်ခုက Dispute Education ပါပဲ။​ အဲဒီအတွက်စံတစ်ခုနဲ့အတူ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေပါတဲ့ Governin body တစ်ခုလဲလိုပါတယ်။

တတိယကတော့ စီးပွားရေးလုပ်ငန်းတစ်ခုကနေ တစ်ခုပေးချေမှုမှာ ငွေသားကိုပဲ လက်ခံလိုမှုပါ။ ဖြန်ချိရေးလုပ်ဆောင်တဲ့ လုပ်ငန်းကြီးတွေက အစ ငွေသားကိုပဲ အားပြုနေကြပါတယ်။

Are there any programs organized by payment service providers to boost the public awareness on digital payment, benefits and security, including law enforcement in cases of fraud transactions?

တစ်ဦးချင်းကတော့ လုပ်နေပါတယ်။ စုစည်းပြီး လုပ်နေတာတော့ မရှိသေးပါဘူး။ FinTech Association of Myanmar လို အသင်းမျိုး ဖွဲ့နိုင်ရင်တော့ပိုကောင်းမလား ထင်မိပေမယ့် အသင်းတွေကလဲ များနေပြီဆိုတော့ စကားမစရဲဘူးဖြစ်နေပါတယ်။

Any suggestions to improve payment ecosystem in terms of innovative payment products, global payment gateways, payment security, fraudulent transactions.

B2C Online Payment

ဝယ်ယူသူဘက်ကတော့ Wallet တွေ အခြား ဒစ်ဂျစ်တယ် Payment ရွေးစရာတွေ များလွန်းလို့တောင်နေပါပြီ။ လိုတာကတော့ အသုံးပြုနည်းတွေ၊​ ပြန်အမ်းတာ အငြင်းပွားတာတွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာတွေ ဒါတွေကို လုပ်ပေးဖို့လိုပါတယ်။​ ဒီနေရာမှာ MOC အနေနဲ့ Arbitrator အလုပ်ကို ဝင်လုပ်ပေးနိုင်ပါတယ်။

ရောင်းချသူလုပ်ငန်းရှင်ဘက်ကတော့ အဓိက က များပြားလှတဲ့ ဒီငွေပေးချေမှုတွေကို ဘယ်လို လက်ခံမလဲ။​ 3rd Party Payment Gateway/ Aggregator သုံးမလား၊​ ကိုယ့်ဘာသာ အကုန်လုပ်မလား၊​ အသုံးအများဆုံး တစ်ခု နှစ်ခုကိုရွေးမလား၊​ အစိုးရကို ကြားဝင်ခိုင်းမလား။

အသုံးအများဆုံး တစ်ခု နှစ်ခုကိုသုံးမယ် စျေးကွက်ထဲမှာ Survival of the Fittest ကို သုံးမယ်ဆိုရင် အန္တရာယ်က အများရဲ့ အခက်အခဲတွေထက် မိမိ အကျိုးစီးပွားသက်သက် ကြည့်မှု နဲ့Too Big to Fail ဖြစ်လာမှာပဲ။ ဒီနေ့ပွဲမှာဆိုရင်လဲ အင်အားအကြီးဆုံးလို ဆိုရမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးဆုံး ကုမ္ပဏီကြီးတစ်ခု ပါဝင်ခြင်းမရှိပါဘူး။ ဒါဟာ Winner Take All ဖြစ်လာရင် ကြုံရမယ့် ရှေ့ပြေးလဲဖြစ်ပါတယ်။

B2C Offline Retail Payment

ခု Covid ဖြစ်တဲ့အချိန်မှာ E-commerce က Grassroot အဆင့်ကို ရောက်လာပါတယ်။​ နီးစပ်ရာကို ဖုန်းနဲ့ Message နဲ့ မှာ၊​ ဆိုင်က Deliver လုပ်ပေးဆိုတာမျိုးပါ။ ဒါကြောင့် ဒီဆိုင်လေးတွေမှာ Digital Payment နဲ့ လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ တခြားမှာလိုပဲ များပြားတဲ့ Wallet တွေကို ဘယ်လို အဆင်ပြေအောင် လက်ခံမလဲဆိုတာ ဆိုင်တွေမှာလဲ ရှိနေတဲ့ မေးခွန်းပါ။ Wave က Wave လက်ခံချင်တယ်။ OK$ ကလဲ OK$ Wallet ပဲလက်ခံမယ်။ ဒါဆိုရင်တော့ ခက်ပါသေးတယ်။​

ကံကောင်းတာတော့ ဒီ Offline Retail Payment နယ်ပယ်မှာ ကျနော်တို့လို ကုမ္ပဏီမျိုးက Cross Platform လက်ခံလို့ ရအောင် လုပ်ပေးနေပါတယ်။ ဒီနေမှာ တော့ လုပ်ငန်းကြော်ငြာဖြစ်နေမှာ စိုးလို့ အများကြီး မပြောတော့ပါဘူး။

ဒီနေရာမှာ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲ က စရိတ်ဖြစ်ပါတယ်။

ဒါကြောင့် မက်လုံးတွေ အနေနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုများကတစ်ဆင့် လက်ခံရရှိ သော ဝင်ငွေများအတွက် အခွန်နှုန်းထားများ လျှော့ချပေးခြင်း၊ အစိုးရ၏ အထောက်အပံ့များ သက်သာခွင့်များအတွက် တိုင်းတာရာတွင် ဒီဂျစ်တယ် ငွေပေးချေမှုများနှင့် လက်ခံရရှိသောဝင်ငွေများကို အခြေခံ၍ တိုင်းတာ ခြင်း တို့ကို သင့်လျော်သလို ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။

B2B Payment

လုပ်ငန်းဆိုင်ရာပေးချေမှုများအတွက် အနည်းဆုံး ပမာဏတစ်ခု သတ်မှတ် ၍ ယင်းထက်ပိုသောပေးချေမှုများကို ဘဏ်စနစ်မှတစ်ဆင့်သာ ပေးချေစေ နိုင်ရေးစနစ်အား စဉ်းစားဖိုလိုပါတယ်။ အခုချိန်ထိ ဖြန်ချိရေးလုပ်ငန်းကြီးများကတောင် ငွေသားကို ပိုပြီးလက်ခံနေတာတွေရှိပါတယ်။ နိုင်ငံတကာမှာလဲ စီးပွားရေး ဆိုင်ရပေးချေမှုတွေကို ဘဏ်ကတဆင့်သာလုပ်ရပါတယ်။ ဒါက CERP ကို ဘယ်လို အထောက်အကူပြုမလဲ ဆိုတော့ Digital နည််းနဲ့ လက်ခံရလာတဲ့ ငွေတွေကို ထုတ်ယူပြီး ငွေသားကိုင်ထားစရာ မလိုတဲ့ အတွက် ဘဏ်သွားရတာတွေ၊​ ငွေသားကိုင်တွယ်ရတာတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။

ဘဏ်တွေအနေနဲ့လည်း Internet Banking/ Mobile Banking တို့နဲ့ ပေးရာမှာ Cross ဘဏ်ရအောင် မြန်မြန် အကောင်အထည်ဖေါ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အခု ဥပမာ အနေနဲ့ One Pay က လုပ်ပြထားတာ ရှိပါတယ်။​

Government Payment G2C

E-commerce ငွေပေးချေမှုများမှာ အဓိက ချိတ်ဆက်တဲ့ ပုံစံ နှစ်ခုရှိပါတယ်။​ တစ်ခုက Realtime စနစ် ပုံစံပါ။​ အွန်လိုင်းပေါ်က လေယာဥ်လက်မှတ် ဝယ်တဲ့ ပုံစံပါ။ ငွေပေးချေပြီးတာနဲ့ ငွေရကြောင်းကို ကွန်ပျူတာ စနစ်က ချက်ချင်း သတင်းပြန်ပို့နိုင်မှ လေယာဥ်လက်မှတ်ကို ချက်ချင်း ထုတ်ပေးနိုင်မှာပါ။ ဒီလို ကိစ္စမျိူးတွေ အတွက် Payment Gateway တစ်ခု လိုအပ်ပါတယ်။ Credit Card တွေအတွက် Payment Gateway မှာတော့ 2C2P ရှိသလို KBZ ဘဏ်တို့ CB ဘဏ်တို့လည်းရှိပါတယ်။ Wallet အတွက် ကတော့ လောလောဆယ်မရှိသေးပါဘူး။

နောက်တစ်ခုကတော့ offline payment ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ အကောင်းဆုံးပေးရရင်တော့ Import လိုင်စင် လျှောက်ထားခြင်းပါပဲ။ အခု လက်ရှိ Import လိုင်စင်လျှောက်ထားတဲ့ အခါမှာ လိုင်စင်ကြေးကို သက်ဆိုင်ရာ ဘဏ်အကောင့်ထဲကို ပေးသွင်းပြီး ပေးသွင်းသူက ပေးသွင်းပြီးကြောင်း အထောက်အထားဖြစ်တဲ့ ငွေသွင်းချလံ ကို တင်ပြရတာဖြစ်ပါတယ်။ လက်ခံရရှိတဲ့ အဖွဲ့အစည်းက ငွေဝင်မဝင် ချက်ချင်းမသိပါဘူး။ ချက်ချင်းသိစရာလဲ မလိုပါဘူး။ နောက်နေ့ ငွေဝင်ရင်ပြီးတာပဲ။​

Mobile Wallet တွေကိုလဲ​ ဒီလိုပေးချေမှုတွေအတွက် သုံးလို့ရပါတယ်။ ဒီလို သုံးလို့ရဖို့ က CERP ရဲ့ ၅.၁.၁ (က) ကို အကောင်အထည် ဖေါ်နိုင်ဖို့ အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့က QR Code တွေကို ဘယ် Mobile Wallet App က ဖြစ်ဖြစ် ဖတ်နိုင်မယ့် စံတစ်ခုလိုပါတယ်။ အခုလောလောဆယ်မှာ တော့ KBZPay တစ်ခုထဲမှာသာ အခြား QR Code များကို ဖတ်နိုင်တဲ့ Feature ပါပါတယ်။

ဗဟိုဘဏ်က အကောင်အထည်ဖေါ်နေတဲ့ MMQR RPRT စနစ်ဟာ အင်မတန်မှ ပြီးပြည့်စုံတဲ့ စနစ် ဖြစ်လာမှာပါ။​ Wallet တစ်ခုကနေတစ်ခု ချက်ချင်းငွေလွှဲပြောင်းပေးနိုင်ပြီး ချက်ချင်း သတင်းပြန်ပို့နိုင်သလို ဘဏ်ရဲ့အခြားစနစ်များနဲ့ လည်း ချိတ်ဆက်နိုင်မှာပါ။​ ဒါပေမယ့် ဒီလို စနစ်မျိုးက နေ့ ချင်းညချင်း မရနိုင်ပါဘူး။ လပေါင်းများစွာ လိုအပ်ပါတယ်။

ခုနက တင်ပြခဲ့တဲ့ Offline QR စနစ်ကတော့ အစိုးရရဲ့ အခတွေကောက်ယူတဲ့ နေရာမျိုးတွေ၊ E-commcerce ကုမ္ပဏီကြီးတွေအတွက် မြန်မြန်ဆန်ဆန် သုံးစွဲနိုင်မယ့် Quick Win တစ်ခု ဖြစ်ပါတယ်။

အခြား

နောက်ဆုံးအနေနဲ့တော့ ဗဟိုဘဏ်က တင်ပြချင်တာက မနှစ်က ပိတ်ပင်ထားတဲ့ Prepaid Visa/Master Card သုံးစွဲခွင့် ကို ပြန်လည်ခွင့်ပြုပေးနိုင်ရန် စဥ်းစားပေးဖို့ပါ။ Visa/MasterCard တွေဟာ ဒစ်ဂျစ်တယ် ပေးချေမှုအတွက်အလွန်မှ အရေးကြီးပါတယ်။ Prepiad ကတ်က Credit History မရှိသေးတဲ့ မြန်မာနိုင်ငံသားတွေအတွက် Visa / MasterCard တွေ သုံးစွဲနိုင်တဲ့ တစ်ခုတည်းသော အခြေခံ အခွင့် အရေးဖြစ်ပါတယ်။ ပြည်တွင်းထုတ် Visa / MasterCard သုံးခွင့်မရတဲ့အတွက် Perfect Money လို Skrill လို ပြည်ပ Wallet များကို တရားမဝင် မလွှဲမရှောင်သာ သုံးစွဲကြရပါတယ်။

နောက်တစ်ခုကတော့ User Awareness မှာ အခုလို ကန့်သတ်ထားတေ့ာ Digital Payment တိုးတက်ရေးအတွက် အတားအဆီးကြီးဖြစ်စေပါတယ်။ သုံးစွဲသူရော လက်ခံတဲ့ လုပ်ငန်းရှင်ပါ သုံးတဲ့ကတ်က Prepaid လား Debit လား Credit လားနားမလည်ပါဘူး။ နားလည်ဖို့လည်း မလိုပါဘူး။ သူတို့နားလည်တာက Visa နဲ့ ပေးလို့ရလား MasterCard နဲ့ ပေးလို့ရလားဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မနှစ်က ပိတ်ပင်ထားတဲ့ Prepaid Visa/Master Card သုံးစွဲခွင့် ကို ပြန်လည်ခွင့်ပြုပေးနိုင်ရန် စဥ်းစားပေးဖို့ တင်ပြချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

--

--