YBS အောင်မြင်ဖို့ လိုအပ်ချက် (၁)

Nyein Chan Soe Win
Nyein Chan
Published in
1 min readJul 30, 2017

--

  • Cash Box ဆိုတာအလုပ်မဖြစ်ပါ။ ငွေပေးပြီး စီးနင်းသူအတွက် Proof of Payment ဖြစ်တဲ့ လက်မှတ် လိုပါတယ်။ Proof of Payment မရှိရင် ငွေပေးသူနဲ့ ငွေမပေးသူကို ခွဲခြားနိုုင်ခြင်း မရှိပါဘူး။ စာရင်းကိုင်နဲ့ စာရင်းစစ် သဘောတရားအရလဲ ငွေလက်ခံမှုတိုင်းကို စာရင်းသွင်းဖို့လိုပါတယ်။
  • လက်မှတ်ရှိပြီးတဲ့ နောက်မှာ ငွေမပေးပဲ စီးနင်းသူကို ဒဏ်ရိုက်နိုင်၊ ဒဏ်ငွေမပေးနိုင်ရင် ထောင်ဒဏ်ပါနိုင်မယ့် ဥပဒေလိုပါတယ်။ လက်မှတ်မရှိရင် အထောက်အထားမရှိတဲ့အတွက် ဥပဒေကြောင်းအရ အရေးယူလို့မရပါဘူး။

ဒစ်ဂျစ်တယ် ငွေပေးချေမှုနဲ့သုံးတဲ့အခါမှာ စာရင်းကို ဒီဂျစ်တယ်နည်းနဲ့ မှတ်သားပြီး ဖြစ်တဲ့အတွက် လက်မှတ်ဖြတ်စရာ မလိုပါဘူး။

ဒါပေမယ့် ဒစ်ဂျစ်တယ်ငွေပေးချေမှုတစ်ခုတည်းကိုသာ သုံးလို့မရပါဘူး။ ဒီဂျစ်တယ်ငွေပေးချေမှု စနစ်တိုင်းမှာ ငွေကြိုတင်ဖြည့်သွင်းဖို့လိုပါတယ်။ ငွေကြိုတင်ဖြည့်သွင်းမှုတိုင်းမှာ အနည်းဆုံး ပမာဏ သတ်မှတ်ချက်ရှိပါတယ်။ အနည်းဆုံးပမာဏဟာ ဘတ်စ်စကား တစ်ကြိမ်စီးခထက် အများကြီးပိုများပါတယ်။ လက်လုပ်လက်စား အခြေခံလူတန်းစားအတွက် ငွေသားနဲ့ပေးချေမှုကို နိုုင်ငံတကာက အများသုံးပို့ဆောင်ရေး စနစ်တွေမှာ လက်ခံရပါတယ်။ စင်ကာပူ၊ ဂျပန်၊ အစရှိတဲ့ ဖွံ့ဖြိုးပြီး တိုင်းပြည်များပါပါတယ်။

ကျနော် ဒစ်ဂျစ်တယ်ငွေပေးချေမှုလို့ သုံးသွားပါတယ်။ ကတ် လို့မသုံးခဲ့ပါဘူး။ ကတ်က ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများထဲက တစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ Legacy ဖြစ်နေပါပြီ။ မိုဘိုင်းလ် ဖုန်းကို အခြေခံတဲ့ Apple Pay, Android Pay, Samsung Pay လိုစနစ်မျိုးနဲ့ WeChat Pay လို QR Payment စနစ်များက ပိုပြီးခေတ်မှီပြီး QR စနစ်ဟာ အကောင်အထည်ဖေါ်ဖို့ အလွယ်ဆုံး၊ အလျင်မြန်ဆုံးနဲ့ ဈေးအသက်သာဆုံးဖြစ်ပါတယ်။ (နောက်မှ အသေးစိတ် ရေးပါ့မယ်)
လူတစ်ဦးချင်းစီ စည်းကမ်းလိုက်နာပြီး ကိုယ့်အသိစိတ်နဲ့ ပေးဖို့ဆိုတာကတော့ ယူတိုးပီးယာလို စိတ်ကူးယဉ်ပိုဆန်ပါတယ်။

မှန်ကန်တဲ့ စနစ်သို့ တိုးတက် ပြောင်းလဲနိုင်ပါစေ။

ဓါတ်ပုံက စင်ကာပူ ဘတ်စကားပေါ်က ငွေသားနဲ့ လက်မှတ်ယူတဲ့ စနစ် (၂၀-၇-၂၀၁၇)

--

--